ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံး၌  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) စတင်ထိုးနှံပေး

ပိုင်ကျုံ ဇွန် ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် အသက် (၁၈) နှစ်အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer) ထိုးနှံပေးခြင်းကို ယမန်နေ့က ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံး၌ စတင်ထိုးနှံပေးခဲ့သည်။

အဆိုပါ လုပ်ငန်းကို ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများတို့က အသက် (၁၈) နှစ်အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer) ကို ဇွန်လ ၂၆ ရက်‌နေ့မှ ၂၈ ရက်နေ့အထိ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်‌‌ဆေးထိုးနှံပေးခြင်းအားဖြင့် အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ဖြစ်ပွားတတ်သည့် ရောဂါများ ကူးစက်ခံရပါက ပြင်းထန်မှုနှင့် သေဆုံးမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။

နော်ခူး(ပြန်/ဆက်)