ကရင်ပြည်နယ်

လိပ်သိုဒေသတွင် ဒရင်ကောက်ရွက်များ ချိုးယူရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး အေးမြစိုစွတ်သော တောင်ပေါ်ဒေသဖြစ်ခြင်းကြောင့် ကျေးရွာအများစုမှာ စိမ့်စမ်းရေများမှ ဖြစ်ပေါ်လာသော စမ်းချောင်းငယ်လေးများတွင် ဒရင်ကောက်ရွက်များ များပြားစွာပေါက်ရောက်လျက်ရှိနေကြောင်း သိရသည်။

ပိုင်ကျုံမြို့၌ အမှတ်(၂)ရပ်ကွက်၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ ၏(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လမ်းများအား ဖွင့်ပွဲအခမ်းအနားကျင်းပ  

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌  ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကရင်ပြည်နယ် အစိုးရအဖွဲ့၏(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လမ်းများအား မတ်လ ၂၂ ရက်နေ့က  ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဋ္ဌိပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပြည်နယ်သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပမည့် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဋ္ဌိပထမပြန် စာမေးပွဲကို ဘားအံမြို့၊ ကျက်သရေဆောင်ကြာအင်းတောင်ခြေတွင် တည်ဆောက်ဆဲ ဖြစ်သော သာသနာ့ဝေစည် ဓမ္မဗိမာန်တော်ကြီးတွင်ကျင်းပနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ အဆိုပါဗိမာန်ပရိဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ပိုင်ကျုံမြို့ အမှတ် (၂) ရပ်ကွက်၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများသွားလာရေး ပိုမိုအဆင်ပြေလွယ်ကူစေရေးနှင့် ကုန်စည်စီးဆင်းမှုဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အမှတ် (၂) ရပ်ကွက်တွင် ပျက်စီးသည့်လမ်းမကြီးအား ကတ္တရာထပ်ပိုးလွှာပြန်လည်ခင်းခြင်း လုပ်ငန်းကိုရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံမြို့၌ မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် တိုင်ထောင်ပဲများ တစ်ပိုင်တစ်နိုင်  စိုက်ပျိုး

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ ဒေသနေပြည်သူများသည် အများအားဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးများကိုသာ အဓိက အားထားလုပ်ကိုင်ကြပြီး ဆောင်ရာသီးနှင့် နွေရာသီ ကာလတွင် ပိုင်ကျုံချောင်းကမ်းဘေးရှိ ကိုင်း‌မြေများပေါ်၌ မိသားစုစားဝတ်နေရေး အဆင်ပြေစေရေးအတွက် တိုင်ထောင်ပဲများ အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့ညနေပိုင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ ကြက်တူရွေးကျေးရွာ၌ ကော်ဖီစိုက်ပျိုးပြုစုနည်း အသိပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကြက်တူရွေးကျေးရွာအုပ်စု၊ ကြက်တူရွေးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌  ကော်ဖီစိုက်ပျိုးမှုလုပ်ငန်း တိုးတက်စေရန်ရည်ရွယ်ပြီး စိုက်ပျိုးပြုစုနည်း အသိပညာ‌ပေးဆွေးနွေးပွဲကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club/Youth Club များ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် ရည်ရွယ်၍ Book  Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာမောင်သစ်ဆင်း၏ ကြောက်စိတ်နဲ့ကလေးတို့မနက်ဖန်စာအုပ်အား ယမန်နေ့နေ့လယ်(၁)နာရီအချိန်က (Community Centre) ခန်းမ၌  စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် ဒေသခံပြည်သူများမှ ကတက်ချဉ်များပြုလုပ် ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူများသည်  မိမိတို့၏  ဥယျာဉ်ခြံများအတွင်းတွင် ကတက်ပင်များစိုက်ပျိုးပြီး တစ်ချို့ကတက်ပင်များမှာ သဘာဝအတိုင်း ပေါက်ရောက်လျက်ရှိသည်။ ယခုအချိန်တွင် အရွက်နုများ စတင်ထွက်ရှိလာပြီး စားသုံးရန် သင့်လျော်ပြီဖြစ်သည့် ပေါ်ဦးပေါ်ဖျား ကတက်ရွက်များကို ဒေသခံပြည်သူများက လိုက်လံဆွတ်ခူးကာ ကတက်ချဉ်များ ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် ဆည်ရေကန်ရေဖြင့် နွေစပါး၊ နွေပဲတီစိမ်းနှင့် မိုးကြိုးချည်မျှင်ရှည်ဝါများ စိုက်ပျိုးသွားမည်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆည်ရေကန်ရေများဖြင့် နွေစပါး၊ နွေပဲတီစိမ်းနှင့် မိုးကြိုချည်မျှင်ရှည်ဝါများ စုစုပေါင်း(၁၅၅)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to ကရင်ပြည်နယ်