သံတောင်ကြီးမြို့တွင်တစ်ပိုင်တစ်နိုင်စီးပွားဖြင့်မျှစ်ခြောက်များလုပ်ကိုင်ဆောင်ရွက်
ကရင်ပြည်နယ် သံတောင်ကြီးမြို့တွင် မျှစ်များလှိုင်လှိုင်ထွက်ရှိသည့်ယခုအချိန်တွင် မျှစ်များကို တစ်နှစ်တာပတ်လုံးစားသုံးနိုင်ရန် တစ်ပိုင်တစ်နိုင်စီးပွားဖြင့် မျှစ်ခြောက်များ ထုတ်လုပ်လျက်ရှိ ကြောင်းသိရသည်။ အဆိုပါ မျှစ်ခြောက်များသည် သဘာဝစစ်စစ်ပြုလုပ်ရောင်းချသည့်အတွက် ဝယ်လိုအားကောင်းကာ ယခုနှစ်တွင် တစ်ပိဿာလျှင်ကျပ်(၂၈၀၀၀)မှ ကျပ်(၃၀၀၀၀)အထိ ဈေးကောင်းရရှိကြောင်းသိရသည်။