သံတောင်ကြီးမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေး

သံတောင်ကြီး  ဩဂုတ်  ၂၁

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  မြန်မာ့စီးပွားရေးဘဏ်၌  ယနေ့နံနက်ပိုင်းတွင်လည်း ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်လစာထုတ်ယူသူများအနေဖြင့် ပင်စင်လစာထုတ်ယူရာတွင် အခက်ခဲမရှိစေရန် အုပ်စုများဖွဲ့ကာ သတ်မှတ်ရက်များတွင်းအလှည့်ကျထုတ်ပေးခြင်း၊ ပင်စင်လစာများကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်လာရောက် မထုတ်ယူနိုင်ပါက မိသားစုဝင်တစ်ဦးဦးအား ကိုယ်စားလှယ်လွှဲစာဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ပင်စင်လာရောက်ထုတ်ယူရန်တွင် အခက်ခဲမရှိစေရန်၊ အဆေပြေချောမွေ့စေရန်နှင့် လူစုလူဝေးမဖြစ်စေရန်ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပင်စင်ထုတ် ယူရာတွင် လစဉ်(၂၁)ရက်နေ့မှ လကုန်ရက်အထိ ရုံးဖွင့်ချိန်တွင် ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

နော်နော်မူ