လိပ်သို ဩဂုတ် ၂၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်း ကောင်စီဉက္ကဋ္ဌဖလား ဘောလုံးဗိုလ်လုပွဲကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ အဆိုပါကျောင်းရှိ ဘောလုံးကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲမစတင်မီ ဗိုလ်လုပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကျောင်းသား/ ကျောင်းသူများအား ပန်းစည်းများ ကမ်းပေး ခြင်းပြုလုပ်ခဲ့ပြီး အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် အမျိုးသမီးပွဲစဉ် ဘောလုံးဗိုလ်လုပွဲကို ယှဉ်ပြိုင်ကျင်းပခဲ့ရာ အမျိုးသမီးပွဲစဉ်တွင် အနော်ရထာအသင်းက ပထမ၊ ကျန်စစ်သားအသင်းက ဒုတိယ၊ ဘုရင့်နောင်အသင်းက တတိယ၊ အလယ်တန်းအဆင့်ပွဲစဉ်တွင် ဘုရင့်နောင်အသင်းက ပထမ၊ ကျန်စစ်သားအသင်းက ဒုတိယ၊ အနော်ရထာအသင်းက တတိယ၊ အထက်တန်းအဆင့်ပွဲစဉ်တွင် ကျန်စစ်သားအသင်းက ပထမ၊ ဘုရင့်နောင်အသင်းက ဒုတိယ၊ အနော်ရထာအသင်းက တတိယ ရရှိခဲ့သည်။
ပြိုင်ပွဲအပြီးတွင် ဆုရရှိသော အသင်းများအား ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖ ဦးစောဂျေအေဝင်းမြင့်နှင့် ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌတို့မှ ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်