သံတောင်ကြီး ဩဂုတ် ၂၂
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၁၀နာရီက နယ်မြေခံတပ်ရင်းခန်းမတွင် ကျင်းပသည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးစောဒီမသေက MEVM စက်ဖြင့် စမ်းသပ်မဲပေးမှု လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် နယ်မြေခံ ခြေလျင်တပ်ရင်းမှ စစ်သည်များနှင့်ရဲမေများက တစ်ဦးချင်းလက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြမဲပေးနေမှုအား မြို့နယ်စီမံခန်းခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက တက်ရောက်ခဲ့ကြပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။
နော်လော်မူ