လှိုင်းဘွဲ ဩဂုတ် ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ လှိုင်းဘွဲမြို့နယ်အတွင်းရှိပြည်သူများအား UID(Unique Identity)ကတ် ရရှိရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ပင်စင်စား အငြိမ်းစား မိဘပြည်သူများအား UID(Unique Identity)ကဒ် ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက လှိုင်းဘွဲမြို့ မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ UID(Unique Identity)ကဒ်ဆောင်ရွက်ပေးခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးစည်သူအောင်မှ ဦးဆောင်၍ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပင်စင်လစာလာရောက်ထုတ်ယူသော အငြိမ်းစားဝန်ထမ်းများအား UID(Unique Identity) Smart Card ဆောင်ရွက်ရန်အတွက် သတ်မှတ်ချက်နှင့်အညီ ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းခြင်း၊ မျက်စိ scan ဖတ်ခြင်း၊ လက်ဗွေနှိပ်ခြင်းနှင့် အချက်အလက်များအား စစ်ဆေးခြင်းတို့ကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)