လိပ်သိုမြို့၌ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ
ကျောင်းသား/ ကျောင်းသူလူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဥာဏ်ရည်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ကစားကွင်း၌ ၂၀၂၅ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည် ဆိုင်ရာသစ်တောများနေ့” အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီခွဲအချိန်ကစ၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။