ရမည်းသင်းမြို့နယ်၌ မန္တလေးအဝေးပြေးလမ်းမကြီးများဆိုင်ရာ အထူးခရီးသွားအာမခံလုပ်ငန်း သဘောတူ နားလည်မှု စာချုပ်ချုပ်ဆို

ရမည်းသင်း  ဖေဖော်ဝါရီ   ၁၆

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် မြန်မာ့အာမခံလုပ်ငန်းနှင့် ရမည်းသင်းမြို့ ရွှေစည်တော်အဆင့်မြင့်ခရီးသွားပို့ဆောင်ရေးတို့သည် ခရီးသွားပြည်သူတို့အကျိုးပြုနိုင်ရန် အဝေးပြေးအမြန်လမ်းမကြီးများဆိုင်ရာ ယာဉ်လိုင်းများ အထူးခရီးသွား အာမခံလုပ်ငန်းသဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်းကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက်၁၀ နာရီက ရမည်းသင်းမြို့ မော်တော်ယာဉ် လိုင်းပေါင်းစုံရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါယာဉ်လိုင်းများ အထူးခရီးသွားအာမခံလုပ်ငန်းစာချုပ် ချုပ်ဆိုရာတွင် အများပြည်သူခရီးသွား ပြည်သူများအကျိုးငှာ ခရီးသွားပြည်သူတစ်ဦးလျှင် ပရီမီယံကျပ်(၃၀၀)ကျပ် ကျခံရပြီးခရီးစဉ်အတွင်း မတော်တဆထိခိုက်မှု ဖြစ်ပေါ်ပါက နစ်နာမှုအပေါ်မှုတည်ပြီး ကျပ်သိန်း (၃၀)ထိ အကျိုးခံစားရမည်ဖြစ်ကြောင်းသိရသည်။

အထူးခရီးသွား အာမခံလုပ်ငန်း ရမည်းသင်း-မန္တလေးခရီးသည်ပို့ဆောင်ရေးနှစ်ဦး သဘောတူစာချုပ်ကို ရမည်းသင်းခရိုင် မြန်မာ့အာမခံလုပ်ငန်း ခရိုင်တာဝန်ခံ ဒေါ်သဇင်ကြည်၊ အာမခံဝန်ထမ်းနှစ်ဦးနှင့် ရမည်းသင်းမြို့ ရွှေစည်တော်အဆင့်မြင့်ပို့ဆောင်ရေးဉက္ကဋ္ဌ ဦးအေးကျော်နှင့် ဒုဥက္ကဋ္ဌ ဦးဝင်းရွှေတို့မှ ကတိစာချုပ်ချုပ်ဆိုခဲ့ကြကြောင်း သိရသည်။

ဇော်ဝင်းအောင်