အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မွေးကင်းစမှ အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များအနေဖြင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 14,2023
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ဆုရရှိသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၁၂ နေ့ နေ့လည် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
Sep 14,2023
ယနေ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် ဧကဒဿမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “လူကုန်ကူးခံရသူတိုင်းကို ဖော်ထုတ်သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်မှုရရှိဖို့ ဆောင်ရွက်ကြပါစို့” ဆောင်ပုဒ်နှင့် လူကုန်ကူးမှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆက်သွယ်အကြောင်းကြားနိုင်သော ဖုန်းနံပါတ်များပါ အသိပညာပေး (Billboard) စိုက်ထူခြင်းကို ယမန်နေ့ ၉ နာရီက တာချီလိတ်မြို့လေဆိပ်၌ ကျင်းပခဲ့သည်။
Sep 14,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အမျိုးသမီးသားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ကျောင်းအခြေပြုထိုးနှံပေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ဆိပ်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ကျင်းပပြုလုပ်သည်။
Sep 14,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအနေဖြင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 13,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အောင်တပ်ရပ်ကွက် မြို့နယ်ပညာရေးမှူးရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 13,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊ မီးကျောင်းတက်ကျေးရွာ(အထက) ကျောင်း၌၊ ရမ်းဗြဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်၍   အားကစားလုပ်ခြင်းနှင့် လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ပြုလုပ်ခဲ့သည်။
Sep 13,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သူနာပြုတက္ကသိုလ် (မန္တလေး)မှ သင်တန်းသူ/သား (၁၁၅) ဦးတို့က အောင်ပင်လယ်ရပ်ကွက်၊ အကွက်အမှတ် (ငင-၆)၊ ၅၄လမ်း၊ ၁၀၄ ×၁၀၅ လမ်းကြားရှိ အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ယနေ့နံနက် ၉ နာရီမှ ၁၀ နာရီအချိန်ထိ ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာပေးခြင်း လုပ်ငန်းများကို လက်တွေ့ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့သည်။