Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ချမ်းမြသာစည်မြို့နယ်၊ လိုတရစက်သုံးဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွား
Mar 04,2024
မန္တလေးတိုင်းဒေသကြီး၊မဟာအောင်မြေခရိုင်၊ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၄၈x၁၁၀ လမ်း (မနော်ဟရီလမ်း) ထောင့်ရှိ လိုတရစက်သုံးဆီဆိုင်တွင် ယနေ့ညနေ ၄ နာရီဝန်းကျင်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာန အထူးဆေးကုသရေးအဖွဲ့မှ ဒုတိယအကြိမ် အခမဲ့ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ပေး
Mar 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် အထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံကာ လိုအပ်သောရောဂါရှာဖွေစမ်းသပ်မှုများနှင့် ကုသမှုများကို မိမိတို့ဒေသ၌ပင် ရောဂါများကို စောစီးစွာသိရှိပြီး လိုအပ်သောကုသမှုများကို အချိန်မီရရှိခြင်းဖြင့် သက်ရှည် ကျန်းမာစေနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးခိုင်နှင့် ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်းတို့ ဦးဆောင်သည့် ရန်ကုန်တိုင်းဒေသကြီးမှ ပါမောက္ခ / အထူးကုဆရာဝန်ကြီးများ ပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့များသည် ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးတွင် မတ်လ (၂) ရက်နေ့နှင့် (၃) ရက်နေ့တို့တွင် ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက် ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင် မော်လမြိုင်ကျွန်းမြို့နယ် စီးပွားချောင…
Mar 04,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင် မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲအန်းပင်စုကျေးရွာအုပ်စု၊ စီးပွား ချောင်ကျေးရွာ၌ နွေစပါးစံပြကွက် ရိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး ညှိနှိုင်းဆွေးနွေး
Mar 04,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့၌ နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွား
Mar 04,2024
ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၉)ရပ်ကွက် တပင်ရွှေထီးလမ်းနှင့်အနော်ရထာလမ်းထောင့်တွင် ယမန်နေ့ည (၁၁)နာရီ (၂၀)မိနစ် အချိန်က ရေခဲသေတ္တာ မိန်းတုံး အပူလွန်ကဲရာမှတစ်ဆင့် လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်အခြေခံပညာဦးစီးဌာနမှ မုဒွန်းကျေးရွာ မီးဘေးသင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ သူများအား ထောက်ပံ့ငွေပေးအပ်
Mar 04,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာတွင် လွန်ခဲ့သည့်ဖေဖော်ဝါရီ(၂၀)ရက်နေ့က ဘတ္ထရီအိုးပေါက်ကွဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နေအိမ်(၁၉)လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီးနေအိမ်မီးဘေးသင့်ခဲ့ရသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများအား မြို့နယ်အခြေခံပညာဦးစီးဌာန ဝန်ထမ်းမိသားစုမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို မတ်လ (၄)ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့၌ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး
Mar 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၈)နာရီကစတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုး စုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့ အမှတ် (၁၉) ရပ်ကွက်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသော စျေးနှုန်းဖြင့်ရောင်းချပေး
Mar 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့ နံနက် (၈)နာရီအချိန်က ဖျာပုံမြို့ အမှတ် (၁၉) ရပ်ကွက်အတွင်း ရောင်းချပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9476
Page
9477
Page
9478
Page
9479
Current page
9480
Page
9481
Page
9482
Page
9483
Page
9484
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department