သံဖြူဇရပ်မြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ်ကြိုတင်စစ်ဆေးမှုများဆောင်ရွက်

သံဖြူဇရပ် မတ် ၄

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ ၁၁ ရက်နေ့မှစတင်၍ဖြေဆိုမည်ဖြစ်ရာ ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြင့်စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စာမေးပွဲကျင်းပပြုလုပ်မည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မိုးလွင်၏ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ထွေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးတင်အောင်မိုး၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ စာစစ်ဌာနဖြစ်သည်  အ.ထ.က(၁)စာစစ်ဌာနနှင့် အ.ထ.က(၂)စာစစ်ဌာနတို့တွင် သက်ဆိုင်ရာကျောင်းအုပ်ကြီးနှင့် ကျောင်းကော်မတီဝင်များအားတွေ့ဆုံပြီး ကျောင်းဝင်းအတွင်းအမှိုက်ရှင်းလင်းခြင်း၊ ရေကန်များရေဖြည့်ထားရန်၊ မီးသတ်ဆေးဘူးများ လုံလောက်စွာဖြင့်အဆင်သင့်ထားရှိရေး၊ သွယ်တန်းထားသောလျှပ်စစ်မီးကြိုးများ ကောင်းမွန်ခြင်းရှိ/မရှိတို့ကိုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)