အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် နေထိုင်သော ဒေသခံပြည်သူများမှာ အဓိကစီးပွားရေးလုပ်ငန်းအဖြစ် ဖလာပင်စိုက်ပျိုးခြင်းလုပ်ငန်းကို လုပ်ကိုင်ကြပြီး ရာသီပေါ်ချိန်၌ ချဉ်ပေါင်ဖာလာသီးများ တစ်ဆင့်ပြီးတစ်ဆင့် ရင့်မှည့်လာပြီဖြစ်၍ ဖလာစိုက်ပျိုးသူတောင်သူများက ဩဂုတ်လလယ်မှစတင်၍ အောက်တိုဘာလအထိ ဆွတ်ခူးကြပြီး ယခုနှစ်ရာသီအစတွင် ယမန်နှစ်ကထက် ဈေးပိုမိုရရှိနေသဖြင့် အဆင်ပြေလျက်ရှိကြောင်းသိရသည်။
Sep 14,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ယာဥ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ  အသိပညာပေးဟောပြောပွဲကို  ယမန် နေ့နံနက် ၁၀ နာရီချိန်က  အ.လ.က(လိုင်ဝ)  အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ  ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်အုန်းမှ အဖွင့်အ မှာစကား ပြောကြားခဲ့ ကြောင်းသိရသည်။
Sep 14,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့နံနက် (၉)နာရီခွဲက ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၁၆)ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 14,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကတိုက်ကလေးကျေးရွာတွင် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများ ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် အဆိုပါကျေးရွာရှိ တောင်သူနှစ်ဦး၏ လယ်ယာမြေ၌ ပျိုးပင်များအား ပျိုးဗန်းများဖြင့် ပျိုးထောင်ထားရှိမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့မှ ယမန်နေ့၊ နံနက်က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
Sep 14,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁၃ရက်နေ့တွင် ကျရောက်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ပြပွဲနှင့်ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက်(၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 14,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသနေပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးလုပ်ငန်းကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 14,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (အုန်းနှဲ) ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။