တိုက်ကြီးမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများဆောင်ရွက်

တိုက်ကြီး မတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုများမရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲက နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်းရုံးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဇာတ်တိုက်လေ့ကျင့်သရုပ်ပြဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးဇော်ချစ်ထက်နှင့်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုများဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို တိုက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိနှင့်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတက်ရောက်ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ ဆက် )