Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လားရှိုးမြို့တွင် မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 04,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က လားရှိုးခရိုင် မီးသတ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်
Mar 04,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ မြို့ပေါ်ရပ်ကွက် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် အမှတ်(၂)ရပ်ကွက်၊ မှန်ကျောင်းတိုက်ကြီးတွင် နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်
Mar 04,2024
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် အမှတ်(၂)ရပ်ကွက်၊ မှန်ကျောင်းတိုက်ကြီးတွင် ဆရာတော် ဦးပရမဦးစီး၍ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်
Mar 04,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးခံရသူများ ရရှိနိုင်သောဆိုးကျိုးများအကြောင်းကို အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁ နာရီခွဲ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့၌ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်
Mar 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌အသက် (၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြတ်စုမွန်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အသင်းဝင်များက လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့၌ နွေရာသီအခြေခံပန်းချီ၊ ကွန်ပျူတာပန်းချီနှင့် အင်္ဂလိပ်စာ (Grammar) သင်တန်းများ ဖွင့်လှစ်
Mar 04,2024
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံပန်းချီ၊ ကွန်ပျူတာပန်းချီ၊ အင်္ဂလိပ်စာ (Grammar) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် မိဘများတက်ရောက် ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့၌ ဥစားကြက်မွေးမြူရေးဇုန် ဖော်ထုတ်ရေးအတွက် မြေနေရာကြည့်ရှုခြင်း၊ ဥစားကြက်မွေးမြူသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ ကျင်းပ
Mar 04,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ တိုင်းဒေသကြီးအစို့ရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းနှင့် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်တို့သည် အောင်လံမြို့နယ်၌ ဥစားကြက်မွေးမြူရေးဇုန်ဖော်ထုတ်ရေးအတွက် မြေနေရာကြည့်ရှုခြင်း၊ ဥစားကြက်မွေးမြူသူ လုပ်ငန်းရှင်းများနှင့် တွေ့ဆုံပွဲသို့ ယနေ့နံနက် ၉ နာရီက မြေနေရာအား သွားရောက်ကြည့်ရှုပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်ရှိ တိရစ္ဆာန်ကာကွယ်ဆေးများကို ထိုးနှံပေး
Mar 04,2024
တံတားဦးခရိုင် တံတားဦးမြို့နယ်ရှိ တိရစ္ဆာန်များအား မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကာကွယ်ဆေးများကို ရာသီအလိုက် နှစ်စဉ်အလှည့်ကျ ထိုးနှံပေးကြောင်း သိရသည်။ ထိုသို့ကာကွယ်ဆေးများဖြစ်သည့် ပေါင်ပုပ်လက်ပုပ်ရောဂါ၊ ဒေါင့်သန်းရောဂါနှင့်လည်ချောင်ကွဲရောဂါစသည့်တို့အား တံတားဦးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၇)အုပ်၊ တိရစ္ဆာန်ကောင်ရေ(၁၅၅၀)ကောင် ထိုးနှံပြီးစီးကြောင်း သိရသည် ။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9482
Page
9483
Page
9484
Page
9485
Current page
9486
Page
9487
Page
9488
Page
9489
Page
9490
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department