အမြို့မြို့အနယ်နယ်သတင်းများ

Mar 04,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးကြသည့် အကျိုးဆောင် တောင်သူများအား ယူရီးယားဓာတ်မြေဩများ ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Mar 04,2024
၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ နိုင်ငံတစ်ဝန်းရှိစာစစ်ဌာနများတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မိတ္ထီလာမြို့နယ်မှ ဝင်ရောက်ဖြေဆိုမည့်သူ ကျောင်းသူ၊ ကျောင်းသား၂၆၆၂ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Mar 04,2024
ပျဉ်းမနားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ယောက်သွားရပ်ကွက်ဓမ္မာရုံ၌ ထိုးနှံပေးခဲ့သည်။
Mar 04,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကြီးမှူးဖွင့်လှစ်သော  နွေရာသီ  ‌အခြေခံစာစီစာကုံးရေးနည်းသင်တန်းကို  ယနေ့နံနက် ၉ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။
Mar 04,2024
ရှမ်းပြည်နယ်(အ​​ရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ် နားမွန်း​ကျေးရွာ အခြေခံပညာမူလတန်း​ကျောင်း၌ ရှမ်းပြည်နယ်အစိုးရ၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံ​ငွေဖြင့် ​ဆောင်ရွက်သည့် ​ကျောင်းတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယ​​နေ့နံနက်ပိုင်းက စတင်အ​ကောင်အထည်​ဖော်​ ဆောက်ရွက်​နေပြီဖြစ်​ကြောင်း သိရသည်။
Mar 04,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့်  စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဒေသနေပြည်သူများနှင့် ဝန်ထမ်းများအား  Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို  ယနေ့နံနက် ၁၀ နာရီအချိန်က  အမှတ်(၁) ရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Mar 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ဂိုဏ်းပေါင်းစုံသံဃ နာယကအဖွဲ့မှ ကြီးမှူးကျင်းပအပ်သော (၂၂) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ ဝိနယာဓိက စာအောင်ဆုနှင့်‌ အောင်လက်မှတ်ဆက်ကပ်ပွဲ အခမ်းအနားကို အမှတ်(၄၂) ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သာသနာ့ ဗိမာန်တော်တွင် ယမန်နေ့ နေ့လယ် (၁) နာရီတွင် ကျင်းပကြောင်း သိရသည်။
Mar 04,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင်  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ပါဝင်သော သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက်(၇)နာရီခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့စည်ပင်သာယာရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခမောက်ကြီးမြို့ မြို့မဈေးနှင့် ဗိုလ်ချုပ်လမ်းမကြီးတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။