အမြို့မြို့အနယ်နယ်သတင်းများ

Sep 13,2023
ပဲခူးတိုင်းဒသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် ပဲခူးမြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း YMBA ခန်းမ၌ ကျင်းပပြုလုပ်သည်။
Sep 13,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ် မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးနိုင် ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
Sep 13,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း (နောင်ပန်)ကျေးရွာကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Sep 13,2023
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကာ ယနေ့၊ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပပြုလုပ်သည်။
Sep 13,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း အနော်ရထာခန်းမတွင် ယနေ့နံနက်(၉)နာရီက သားအိမ်ခေါင်းကင်ဆာ ကျန်းမာရေးအသိပညာအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ခရိုင်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး သားအိမ်ခေါင်ကင်ဆာ အကြောင်းအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
Sep 13,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးခြင်းနှင့် သင်တန်းပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန်က အဆိုပါဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Sep 13,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက (အ.ထ.က ) နတ်ကြီးချောင်ခန်းမ၌ ကျင်းပခဲ့သည်။
Sep 13,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ကုန်ဈေးနှုန်းများကျဆင်းရေး၊ ရေတိုစီမံချက်အနေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စတုတ္ထအကြိမ် ပြည်သူ့သက်သာဆိုင်များဖွင့်လှစ်ပြီး ဆန်၊ ဆီ၊ ကြက်ဥ၊ ဝက်သား၊ အမဲသားများအား ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးခြင်းကို ယနေ့နံနက်(၇)နာရီက မြို့မဈေး ပြည်သူ့သက်သာဈေးဆိုင်များတွင် ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။