ဒဂုံ​မြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်(Biometric Data)ကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ဒဂုံအရှေ့ မတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရပ်ကွက်/ ကျေးရွာများအတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက်(Biometric Data)ကောက်ယူခြင်း လုပ်ငန်းစဉ်များကို နေ့နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက်ဓမ္မာရုံနှင့် အမှတ်(၁၁၃)ရပ်ကွက်ရှိ GEG Co.Ltd တို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် (၂၆..၂၀၂၃)ရက်နေ့မှ (..၂၀၂၄)ရက်နေ့ထိ ပြည်သူ(၂၂၄၀၆)ဦးအား ဇီဝဆိုင်ရာအချက်အလက်(Biometric Data) ကောက်ယူသည့် လုပ်ငန်းစဉ်များအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ