လပွတ္တာ မတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၈)နာရီကစတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုး စုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လပွတ္တာမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန် ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ဆေးထိုးဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ဆေး ပြင်းထန်ဝမ်းလျောဝမ်းပျက် ရောဂါကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)