ဘားအံမြို့၌ နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွား

ဘားအံ  မတ် ၄

ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၉)ရပ်ကွက် တပင်ရွှေထီးလမ်းနှင့်အနော်ရထာလမ်းထောင့်တွင် ယမန်နေ့ည (၁၁)နာရီ (၂၀)မိနစ် အချိန်က ရေခဲသေတ္တာ မိန်းတုံး အပူလွန်ကဲရာမှတစ်ဆင့် လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာသို့ ဒုတိယပြည်နယ်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထိုက်စိုးမှ ကွပ်ကဲ၍ ဘားအံမြို့နယ် မီးသတ်စခန်းမှ သန္ဓေ(၁၃)ဦးဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီးနှင့် ဘားအံခရိုင် မီးသတ်စခန်းမှ သန္ဓေ(၁၂)ဦးဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေ သယ်ယာဉ် (၁)စီးတို့ဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ (၁၁)နာရီ (၅၀)မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ပတ်ဝန်းကျင် လူနေအိမ်များ၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်၊ သေဆုံးမှု မရှိပါကြောင်းနှင့် မီးပေါ့ဆစွာ အသုံးပြုသူအား ဘားအံမြို့နယ်၊ မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိပါကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)