အမြို့မြို့အနယ်နယ်သတင်းများ

Mar 04,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ​အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Mar 04,2024
ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၉)ရပ်ကွက် တပင်ရွှေထီးလမ်းနှင့်အနော်ရထာလမ်းထောင့်တွင် ယမန်နေ့ည (၁၁)နာရီ (၂၀)မိနစ် အချိန်က ရေခဲသေတ္တာ မိန်းတုံး အပူလွန်ကဲရာမှတစ်ဆင့် လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Mar 04,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာတွင် လွန်ခဲ့သည့်ဖေဖော်ဝါရီ(၂၀)ရက်နေ့က ဘတ္ထရီအိုးပေါက်ကွဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နေအိမ်(၁၉)လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီးနေအိမ်မီးဘေးသင့်ခဲ့ရသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများအား မြို့နယ်အခြေခံပညာဦးစီးဌာန ဝန်ထမ်းမိသားစုမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို မတ်လ (၄)ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Mar 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၈)နာရီကစတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုး စုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Mar 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့ နံနက် (၈)နာရီအချိန်က ဖျာပုံမြို့ အမှတ် (၁၉) ရပ်ကွက်အတွင်း ရောင်းချပေးကြသည်။
Mar 04,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ သာဓုကန်ကျေးရွာအုပ်စု၊ ဆားဂွန်းကျေးရွာနှင့် လယ်ပြင်ကြီးကျေးရွာအုပ်စု၊ အောင်စည်ယွန်းကျေးရွာသို့ ဆက်သွယ်ထားသော လမ်းအား ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို စံချိန်စံညွှန်းနှင့်အညီရာခိုင်နှုန်းပြည့်ပြီးစီးရေး အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဖြူးမြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့၊ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 04,2024
ကျိုက်မရောမြို့နယ်အတွင်းရှိ ဘိန်းဗျောကျေးရွာ၌ ဂန္တမာပန်းများလှိုင်လှိုင်ထွက်၍ ပန်းစိုက်သူတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Mar 04,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကသာမြို့ ပန်းချီဆရာများအသင်းတို့ဖြင့် ပူးပေါင်း၍ ပန်းချီအခြေခံရေးဆွဲနည်း သင်တန်း (အခမဲ့) ဖွင့်ပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။