ချောင်းဆုံမြို့နယ်အခြေခံပညာဦးစီးဌာနမှ မုဒွန်းကျေးရွာ မီးဘေးသင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ သူများအား ထောက်ပံ့ငွေပေးအပ်

ချောင်းဆုံ မတ် ၄

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာတွင် လွန်ခဲ့သည့်ဖေဖော်ဝါရီ(၂၀)ရက်နေ့က ဘတ္ထရီအိုးပေါက်ကွဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နေအိမ်(၁၉)လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီးနေအိမ်မီးဘေးသင့်ခဲ့ရသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများအား မြို့နယ်အခြေခံပညာဦးစီးဌာန ဝန်ထမ်းမိသားစုမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို မတ်လ (၄)ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပညာရေးမှူးဦးသိန်းဟန်က မီးလောင်ကျွမ်းမှုကြောင့်  ဆုံးရှုံးခဲ့ရသည့်အတွက် ထပ်တူဝမ်းနည်းရပါကြောင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း အားပေးစကားပြောကြားပြီး မီးဘေးသင့်ဆရာ၊ ဆရာမ(၄)ဦးအား တစ်ဦးလျှင်ထောက်ပံ့ငွေ(၃၂၀၀၀၀)ကျပ်နှုန်းနှင့် ကျောင်းသား/သူ(၉)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေ(၁၄၃၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ(၂၅၆၇၀၀၀)ကျပ်အား တာဝန်ရှိသူများမှ အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါ မီးဘေးသင့်နေအိမ်(၁၉)လုံးမှ မိသားစုဝင်(၅၈)ဦးအား မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့များနှင့် အလှူရှင်များမှ ကယ်ဆယ်ရေးပစ္စည်း၊ ထောက်ပံ့ငွေများနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်အကူအညီများ အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)