Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အင်္ဂပူမြို့နယ်၌ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားပြုလုပ်
Sep 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု၊ သဲဖြူချောင်းတံတားအနီးရှိ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ နံနက်ပိုင်းက အင်္ဂပူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ
Sep 15,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား လူငယ်မောင်မယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ဘက်စုံဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီ ၁၅ အချိန်က အမှတ်(၁)အထက်တန်းကျောင်း မိုးလုံလေလုံအားကစားရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Sep 15,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ဘူးကုန်းကျေးရွာ အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီကကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့တွင် မြို့ပတ်လမ်းရှိ ရေမြောင်းများအား ရေစီးရေလာကောင်းမွန်ရေး ပြုပြင်ဆောင်ရွက်ပေး
Sep 15,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မြို့ပတ်လမ်းရှိရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့၌အလုပ်တွင် ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူ(ငွေလုံးငွေရင်း) အကျိုးခံစားခွင့်ပေးအပ်
Sep 15,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးရုံး၏ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အလုပ်တွင်ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူ(ငွေလုံးငွေရင်း) အကျိုးခံစားခွင့်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ ၁၁ နာရီအချိန်က ချောက်မြို့ လူမှုဖူလုံရေးရုံးတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာနှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ…
Sep 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ခုနှစ် ဆီထွက်သီးနှံ ဆောင်းနေကြာနှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော ဆင်းသုခစပါးစိုက်ခင်းသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု့
Sep 15,2023
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ဥက္ကံကျေးရွာအုပ်စုတွင် ကျေးရွာစိုက်ပျိုးရေးအသင်းသားများ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ
Sep 15,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ လူငယ်များဗလငါးတန်နှင့်ပြည်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် နှုတ်မှုစွမ်းရည်တိုးတက်စေရန် လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခန်းမ ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9454
Page
9455
Page
9456
Page
9457
Current page
9458
Page
9459
Page
9460
Page
9461
Page
9462
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department