အမြို့မြို့အနယ်နယ်သတင်းများ

Mar 06,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ-ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး ကော်မတီဝင်များ အသင်းသားတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Mar 06,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က နွေရာသီစစ်တုရင်သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Mar 06,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က (၁) သာယာဝတီကျောင်း၌ ထုတ်ပေးလျက်ရှိ​ကြောင်း သိရသည်။
Mar 06,2024
မြို့နယ်အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာပြီး မျိုးဆက်သစ်အားကစားသမားများ အားကစားအသိစိတ်ဓာတ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့နယ်တွင် အားထားရသော မျိုးဆက်သစ် ဒိုင်လူကြီးများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အားကစားကွင်းအတွင်း၌ ဘောလုံးဒိုင်လူကြီး သင်တန်းကို မတ်လ ၁ ရက်နေ့မှစတင်၍ စာတွေ့/လက်တွေ့ သင်ကြားပေးလျက်ရှိ‌ကြောင်း သိရသည်။
Mar 06,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းခန်းမ၌ လူငယ်​ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
Mar 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ ပူပေါင်း၍ ယမန်နေ့နံနက် (၁၀)နာရီတွင် Community Center ခန်းမ၌ ဂီတစာဆို မောင်မျိုးသူ(ခ)ချစ်မင်းသူသို့ အမှတ်တရ အလွမ်းပြေစာစုများစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။
Mar 06,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ အသက်(၂)လမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ထိုးနှံပေးကြောင်း သိရသည်။
Mar 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ ခရိုင်ပြည်သူ့ကျန်မာရေးဦးစီးဌာနရုံး၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား  လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်တွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။