အမြို့မြို့အနယ်နယ်သတင်းများ

Mar 06,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ခန္ဓာကိုယ်ဖွံ့ဖြိုး၍ ကျန်းမာကြံ့ခိုင်သည့် မျိုးဆက်သစ် များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် အားကစားနည်းအလိုက် ဆပ်ကော်မတီများက နွေရာသီအားကစားသင်တန်း (၁၈) မျိုး ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူအင်အား (၁၂၀၀) ကျော် တက်ရောက် လျက်ရှိကြောင်း သိရသည်။
Mar 06,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြုံတွေ့လာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ထိခိုက်ဆုံးရှုံးမှု ကင်းဝေးစေရန်အတွက် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်ဖြေရှင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၁ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 06,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ အင်တိုင်း၊ ဝါးဖြူတောင်၊ ဆင်တွင်းကျောင်းကုန်းနှင့် နန်းခွဲအုပ်စုရှိ ဒေသခံပြည်သူများ ပြည်သူ့စ်မှုထမ်း ဥပဒေအကြောင်းအရာများ သိရှိလိုက်နာနိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အင်တိုင်းကျေးရွာ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်သည်။
Mar 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ (အရှေ့ပိုင်း)မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ နွေရာသီ အခြေခံအားကစား သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ မတ်လ(၁)ရက်နေ့မှ စတင်ပြီး မတ်လ(၃၁)ရက်နေ့အထိ (အခမဲ့) ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
Mar 06,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပတ္တမြားအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Mar 06,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြို့နယ်ဆည်မြို့နယ်တွင် နွေသီးနှံများစိုက်ပျိုးရန် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာမှ စိုက်ပျိုးရေပေးမြောင်းများအလိုက် ဆည်ရေများစတင်ပေးဝေလျက်ရှိကြောင်းနှင့် နွေနှမ်းသီးနှံ(၃၀၅၄၂)ဧက ရန်လျာထားပြီး စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Mar 06,2024
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရုံးလုပ်ငန်းလက်စွဲစာစောင်စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 06,2024
အင်္ဂလိပ်စာဘာသာစကား စွမ်းရည်(၄)ရပ် (Four Skills)ကို မြှင့်တင်ပေးရန်နှင့် ဗလငါးတန် ပြည့်စုံစေရန် ရည်ရွယ်၍ ပဲခူးတက္ကသိုလ် (Community Centre) ခန်းမနှင့် မတ်လ(၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးတက္ကသိုလ် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ အင်္ဂလိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲ လက်ငင်းဟောပြောချက်နှင့် စာပေစကားဝိုင်း ဆွေးနွေးမှု အခမ်းအနား ကျင်းပပြုလုပ်သည်။