Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ချမ်းအေးသာစံမြို့နယ် Community Centre တွင် ကျောင်းသား၊ ကျောင်းသူများအား အခြေခံပန်းချီပညာသင်တန်း ဖွင့်လှစ်
Mar 06,2024
ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ပန်းချီပညာအခြေခံများတတ်မြောက်စေရန်အတွက် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် အခြေခံပန်းချီပညာရက်တိုသင်တန်းကို မတ်လ (၆)ရက်နေ့ နံနက်(၉)နာရီမှ စတင်ကာ သင်ကြားဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
Mar 06,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးပြိုင်ပွဲများ ဆောင်ရွက်
Mar 06,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ကျောင်းသားလူငယ်များအား ကျောင်းပိတ်ချိန်ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်လာစေရေးနှင့် ကာယ/ဉာဏစွမ်ရည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ယနေ့နံနက်ပိုင်းက ပြိုင်ပွဲများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျွန်းစုမြို့နယ်ရှိ ကျောင်းသူ/သား (၂၇၄)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 06,2024
၂၀၂၄ခုနှစ်၊ မတ်လ(၁၁)ရက်နေ့မှ (၁၉)ရက်နေ့အထိ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ကျင်းပပြုလုပ်မည်ဖြစ်ရာ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူ (၂၇၄)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့တွင် အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွားများအား ထောက်ပံ့ငွေများ ပေးအပ်
Mar 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် အသက်(၈၅)နှစ်အထက်အဘိုး၊အဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေ (၃၀၀၀၀)ကျပ်စီကို ယမန်နေ့ နံနက်ပိုင်းက ပေးအပ်ခဲ့ရာ ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးများမှ တစ်အိမ်တက်ဆင်း လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Mar 06,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဌာနဆေးခန်း၌ မွေးကင်းစမှအသက်(၂)နှစ်အောက်အရွယ် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် ဘိုးဘွား (၅၂) ဦးအား လူမှုရေးပင်စင်ထောက်ပံ့
Mar 06,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် ဘိုးဘွား (၅၂) ဦးအား ယမန်နေ့ နံနက်ပိုင်းက လူမှုရေးပင်စင်ထောက်ပံ့ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထို့ကော်ကိုး-ကျော်ခိုလမ်းကွန်ကရစ်ခင်းခြင်းနှင့် ကောကရိတ်မြို့နယ် နဘူးအ.ထ.ကကျောင်းသို့ ဝင်ရောက်ကြည့်ရှု၊ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာဖြေဆိုနိုင…
Mar 06,2024
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့သည် ယနေ့နံနက် (၉)နာရီအချိန်တွင် ကော့ကရိတ်မြို့နယ်ရှိ ထို့ကော်ကိုးဒေသသို့ရောက်ရှိ၍ KNU/KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ ဦးစောထော့လေး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးတို့နှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီး ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့အား အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ KNU/KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ လိုက်ပါလျက် ထို့ကော်ကိုး-ကျော်ခိုလမ်း (၁၈/၄)မိုင်အနက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၃/၀)မိုင် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုင်တိုင်အမှတ် ၆/၆ နှင့် ၆/၇ ကြားရှိ ၂၀၂၄ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျောက်ခင်းမြေထိန်းနံရံ ၄ဝဝ ပေ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၍ ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူးဦးအောင်ထွဋ်က ထို့ကော်ကိုး-ကျော်ခိုလမ်း ဖြည့်စွက်ဆောင်ရွက်ပြီးစီးသည့် အခြေအနေများကို မြေပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9450
Page
9451
Page
9452
Page
9453
Current page
9454
Page
9455
Page
9456
Page
9457
Page
9458
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department