အမြို့မြို့အနယ်နယ်သတင်းများ

Mar 06,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းပိတ်ရက်အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်လာစေရန်ရည်ရွယ်၍ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ဖုန်ကူးခါ့မိုင်က ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားပြီး  စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ကျင်းပရာ အခြေခံအင်္ဂလိပ်စာသင်တန်းမှ ကျောင်းသားကျောင်းသူ ၁၄ဦးတို့ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
Mar 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မီးသတ်ဉီးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက် (၉) နာရီက မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အ‌ခြေခံပညာ အထက်တန်းကျောင်းများမှ ဘာသာတွဲအလိုက် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၆၀၂) ဦးဝင်ရောက် ‌ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Mar 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများကို ယနေ့မတ်လ ၅ရက်နေ့ နံနက်ပိုင်းက ကဉ္စနကျွန်းသာ (Gold Delta) ကုမ္ပဏီလီမိတက် ၌ ဆောင်ရွက်ခဲ့သည်။
Mar 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် (၄၂) ကြိမ်မြောက် မဟာဒွါရနိကာယ သာသနပါလစာမေးပွဲကြီးကို အမှတ် (၁) ရပ်ကွက်၊ ပါဠိတက္ကသိုလ်တောင်ပေါ်ကျောင်းတိုက်၌ ယနေ့ မတ်လ ၅ရက်နေ့ နံနက် ၉နာရီ အချိန်ကစတင်၍ ကျင်းပသည်။
Mar 05,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ပေါ်ရပ်ကွက်များအတွင်း ယမန်​နေ့ ညနေ(၅) နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များကို ပြည်သူများလိုက်နာဆောင်ရွက်ကြရန် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးဆော်ဩခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 05,2024
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင် အသက်(၂)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ မတ်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Mar 05,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းနှင့် (Woman Club) အဖွဲ့တို့ပူးပေါင်း၍ လစဉ် စာဖတ်ဝိုင်းများကိုကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နေ့လယ် ၁ နာရီချိန်က ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။