ကန့်ဘလူမြို့နယ်၌ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးဆက်လက်ထိုးနှံ တိုက်ကျွေးလျက်ရှိ

ကန့်ဘလူ မတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အသက် ၂ နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိ ရာ မတ် ၁ ရက်နေ့မှယမန်နေ့ကအထိ အသက်၂ နှစ်အောက် ကလေးငယ် ၂၄၀ နှင့်ကိုယ်ဝန်ဆောင်မိခင် ၁၀၂ တို့ကို ထိုးနှံပေးပြီးကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးခြင်းများကို ကန့်ဘလူမြို့မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျန်းမာရေး ဝန်ထမ်းများက ကလေးများ၏အသက်အရွယ်အလိုက် ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့၊ကြက်ညှာ၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယို(ထိုးဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဂက်သက်၊ဂျိုက်သိုးကာ ကွယ်ဆေးများထိုးနှံပေးပြီး၊ ကိုယ်ဝန်ဆောင်မိခင်များအားဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးတိုကို စနစ်တကျထိုးနှံပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို လစဥ်လဆန်းရက်များတွင် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)