အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီက လူမှုဝန်ထမ်းဦးစီးဌာန အ​နောက်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးမှ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာ​ပေးသင်တန်း ဖွင့်လှစ်​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Sep 15,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်အတွင်းတွင်မြန်မာနိုင်ငံဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များအသင်းဦးဆောင်မှုနှင့်  Wilmar  Myanmar  Fdible  Oil  Co…Ltd အစီအစဉ်ဖြင့်   ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍  ဒေသခံပြည်သူများ  စျေးနှုန်းသက်သာစွာ စားသုံးနိုင်ရန်အတွက် စားအုန်းဆီတစ်ပိဿာ (၅၂၈၅)ကျပ်နှုန်းဖြင့် မြို့နယ်အတွင်းရှိ နေရာ (၃)နေရာတွင် ယနေ့ နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်းသိရသည်။
Sep 15,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် အိတ်ခ်ျပီဗီပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးခြင်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲ အချိန်ကမြို့နယ် ပြည်သူ့ဆေးရုံရှိ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 15,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် တောင်သူအသိပညာပေးဆွေးနွေးပွဲနှင့် ရေအသုံးချသူများအဖွဲ့(WUG)တွေ့ဆုံပွဲကို ယမန်နေ့ ညနေပိုင်းက အုတ်ဖိုကျေးရွာအုပ်စု တလုတ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 15,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ မီးသတ်ဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သည့် ယာဉ်မောင်းမွမ်းမံသင်တန်း အမှတ်စဉ်(၄/၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က မြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 15,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အသီးသီးတွင် စားသုံးကုန်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး၊ ဒေသခံပြည်သူများ စားသုံးဆီဖူလုံစေရေးနှင့် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးတို့အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ဦးဆောင်မှုဖြင့် မကွေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ရောင်းချဆောင်ရွက်ပေးနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးသည်။
Sep 15,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ Onlineမှ တဆင့် အသိ ပညာပေးလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်သစ်တောဦးစီးဌာနနှင့်ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး Talk Show  ဆွေးနွေး ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။