အမြို့မြို့အနယ်နယ်သတင်းများ

Sep 18,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တို့တွင် မိုးရွာသွန်းမှုနည်းပါးခဲ့သော်လည်း ဒေါနတောင်တန်း (‌ဒေသအခေါ်) နော်တရာတောင်ပေါ်နှင့် တောင်ခြေရင်းတို့တွင် မိုးရွားသွန်းမှုများပြားခဲ့သည့်အတွက် တောင်ကျချောင်းရေများ စီးဆင်းလာမှုနှင့်အတူ လှိုင်းဘွဲချောင်းရေမြင့်တက်လာခဲ့သဖြင့် လှိုင်းဘွဲမြို့ပေါ် မြေနိမ့်ပိုင်း ရပ်ကွက်များနှင့် ကျေးရွာတစ်ချို့တွင် ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
Sep 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ဆင်ကူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
Sep 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အတွင်းရှိပြည်သူများစားဝတ်နေရေး အဆင်ပြေ ချောမွေ့စေရေးအတွက် အခြေခံစားသောက်ကုန်များကို စျေးလျှော့ချ၍ ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ပူးပေါင်း၍ အခွန်လွတ်စျေးတွင် ရောင်းချပေးခဲ့သည်။
Sep 18,2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စပါးခင်းများတွင် ငဝန်မြစ်ရေ ဝင်ရောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Sep 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မိုဝိုင်းလွတ်မြို့၌ ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းအဖြစ် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့၏တောင်ယာစပါးခင်းထဲတွင်ဆင်ခရမ်းချဥ်သီး ဒေသခေါ် (မပူ ) ကိုကြားညှပ်စိုက်ပျိုးကြသည်။
Sep 18,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ဘက်စုံသုံးခန်းမတွင် ယမန်နေ့ညနေ (၃)နာရီက လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 18,2023
၂၀၂၃ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမတွင် ယမန်နေ့က မြိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့ပြီး ပညာပေးဗီဒီယိုပြသ၍ အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ ဗဟုသုတမေးခွန်းများ မေးမြန်းခြင်း/ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့သည်။
Sep 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရဲတပ်ဖွဲ့မှ ၂၀၂၃ခုနှစ်အောက်တို ဘာလ(၁)ရက်နေ့တွင်ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များစုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ ဆေးရုံတွင် စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရသည်။