အမြို့မြို့အနယ်နယ်သတင်းများ

Sep 19,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ယမန်နေ့နံနက် ၉ နာရီခွဲမှစ၍ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်းများ၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနံပေးခဲ့ကြောင်း သိရသည်။
Sep 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား ယမန်နေ့ နေ့လယ်(၁) နာရီမှ စတင်ကာ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV  အခမဲ့စတင် ထိုးနှံဆောင်ရွက် ပေးလျက်ရှိသည်။
Sep 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၉)နှစ် ပြည့်ပြီး (၁၂)နှစ် မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဒေးဒရဲမြို့နယ်၊ အမှတ်(၁) ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်း(မြို့မ)၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 19,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁) ရက်နေ့တွင် ကျရောက်မည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၃၁) လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှ ထမ္မရာဇ်ရပ်ကွက် ခရိုင်ပြည်သူ့ဆေးရုံးဝန်းတွင်းရှိ ကရုဏာလှိုင်းသွေးလှူရှင်များအသင်းတွင် ယမန်နေ့နံနက် ၈ နာရီအချိန်က စုပေါင်းသွေး လှူဒါန်းပွဲကျင်းပပြုလုပ်ခဲ့သည်။
Sep 19,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ Pro Creative Center (PCC) Arts and Media သင်တန်းကျောင်းမှ ဖွင့်လှစ်သည့် သရုပ်ဆောင်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀နာရီ အချိန်က ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 19,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က အ-ထ-က(လဲချား)ကျောင်းတွင် ကျင်းပခဲ့ပါသည်။
Sep 19,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်တွင် ကြံသီးနှံ(၄၀၉၉၈)ဧကကို  တောင်သူများ၏ယာမြေများတွင် စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Sep 19,2023
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ မဟာဓမ္မိကာရုံကျောင်းတိုက်၏ ဦးစီးပဓာန နာယက၊ ရတ္တညူမဟာနာယက၊ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ ကမ္မာဋ္ဌာနာစရိယဖြစ်တော်မူသော အနန္တဂိုဏ်းဝင်ကျေးဇူးရှင် လွန်တော်မူဆရာတော်ကြီး (ဘဒ္ဒန္တဓမ္မသိရီ)အား (၃၂)နှစ်မြောက်အထိမ်းအမှတ် အာစရိယဂုဏပူဇော်ပွဲကို ယနေ့နံနက်၈နာရီခွဲက အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့သည်။