အမြို့မြို့အနယ်နယ်သတင်းများ

Mar 08,2024
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ရွာထောင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Mar 08,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်အတွင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန (၆) ခုဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ကျောင်းသား၊ ကျောင်းသူ (၁၁၂၄)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ 
Mar 08,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ရာ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နေ့လယ်(၃)နာရီခွဲက (အ.ထ.က)မင်းလှစာစစ်ဌာနတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 08,2024
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် ရခိုင်ပြည်နယ်၊ ရက္ခပူရ သာသနာလင်္ကာရ အသင်းက ကြီးမှူးကျင်းပသည့် နဝမအကြိမ် ရက္ခပူရသနာလင်္ကာရ စာမေးပွဲကို တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့ စာဖြေဌာန၌ ပထမအကြိမ်အဖြစ် ကျင်းပခဲ့ရာ စာဖြေဌာနမှ ဖြေဆို အောင်မြင်ခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ခြင်းနှင့် စာအောင်ဆု ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၁) နာရီ အချိန်က ဖောင်တော်ဦးစေတီတော်ရှိ ဓမ္မဝိဇယဓမ္မာရုံတော်၌ ကျင်းပသည်။
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီးအား မတ်လ (၁၁)ရက်နေ့မှ (၁၉) ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ရာ ဖြေဆိုရန် ကျောင်းသား/ကျောင်းသူ (၁၀၅၉)ဦး စာရင်းသွင်းထားကြောင်း သိရသည်။
Mar 08,2024
၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့ထိ ကျင်းပမည့် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲတွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ ၃၆ ဦးဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်းသိရသည်။
Mar 08,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ် ရပ်ကွက်များတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် E Mobile Tablet စနစ်ဖြင့် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်ရှိ(CUName .၀၁၁) ပြည်ထောင်စုလမ်း point ထောက်ကောက်ယူနေမူအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်နှင့် အဖွဲ့ဝင်များကကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
Mar 08,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအဖြစ် ဆောင်ရွက်မည့် အခြေခံပညာကျောင်းများအား မေလ(၄)ရက်နေ့မှ စတင်ကာ မြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးသန်းယဥ် ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်သက်ဌေးနှင့် ဝန်ထမ်းများက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေစဥ် ကာလအတွင်း မီးလန့်မှု၊ မီးလောင်မှု မဖြစ်ပွားစေရေးနှင့် လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက်  မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။