၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲတွင် မချမ်းဘောမြို့နယ်ရှိ ကျောင်းသား/ကျောင်းသူ ၃၆ ဦး ဝင်ရောက်ဖြေဆိုမည်

မချမ်းဘော မတ် ၈

၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့ထိ ကျင်းပမည့် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲတွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ ၃၆ ဦးဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်းသိရသည်။

တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုရာတွင် မချမ်းဘော အခြေခံပညာ အထက်တန်းကျောင်းမှ အတွင်းဖြေဆိုသူ ၁၄ ဦး၊ အပြင်ဖြေဆိုသူ၁ ဦးစုစုပေါင်း ၁၅ ဦး၊ အခြေခံပညာအထက်တန်းကျောင်း ထရန်ဒမ်းမှ အတွင်းဖြေ ဖြေဆိုသူ ၁၃ ဦး၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နမ်ခမ်မှ အတွင်းဖြေဆိုသူ ၈ ဦး စုစုပေါင်းအတွင်းအပြင် ဖြေဆိုသူ ၃၆ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး မချမ်းဘောမြို့နယ်၌ အ.ထ.က(မချမ်းဘော)စာစစ်ဌာန တစ်ခုတည်း၌သာ ဆောင်ရွက်သွားမည် ဖြစ်သည်။ အဆိုပါ တက္ကသိုလ်ဝင် စာမေးပွဲဆိုနေစဥ်ကာလအတွင်း ကျောင်းသူကျောင်းသားများ အေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် မလိုလားအပ်သော အဖျက်အမှောင့်လုပ်ငန်းများ ကာကွယ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆရာ၊ ဆရာမများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)