မိုးကုတ်မြု့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းတွင် ကြက်ခြေနီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၂/၂၀၂၄))ဆင်းပွဲကျင်းပ

မိုးကုတ် ဧပြီ ၂

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ(၃)နာရီခွဲအချိန်က ကြက်ခြေနီ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၂/၂၀၂၄) ဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မိုးကုတ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ အမှုဆောင် ကုတင်(၁၀၀)ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်​ကြည်ကြည်နွဲ့က ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး  ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံ သင်တန်း(/၂၀၂၄)တွင် သင်တန်းထူးချွန်ဆု ရရှိခဲ့ကြသည့် သင်တန်းသား/သူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ ကြောင်းသိရသည်။ အဆိုပါသင်တန်းကို မတ်လ (၃၀)ရက် နေ့မှ ဧပြီလ(၁)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သူ(၂၇)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကြည်ကြည်နွဲ့ (ပြန်/ဆက်)