လှိုင်သာယာ(အရှေ့ပိုင်း) ဧပြီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီ၌ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မဟာသင်္ကြန်ရေကစားမဏ္ဍပ်တွင် ကျင်းပမည့်အစီအစဉ်များနှင့်ပတ်သက်၍ ဆောက်လုပ်ခြင်းနှင့်ဧည့်ခံကျွေးမွေးခြင်းတို့ကို မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ဆပ်ကော်မတီအလိုက် ဆောင်ရွက်သွားကြရန်၊ ပျော်ရွှင်စွာရေကစားနိုင်ရေး၊ ရေရရှိရေး၊ ယိမ်းအဖွဲ့ပြိုင်ပွဲများကျင်းပရေး၊ ခေတ်ပေါ်တေးဂီတများဖျော်ဖြေခြင်း၊ စတုဒိသာ မြန်မာမုန့်များကျွေးမွေးခြင်းများနှင့် မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာလုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုက ရှင်းလင်းပြောကြားသည်။ တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်လျက်ရှိကြောင်း သိရသည်။
ခင်ဝင်းမူ(ပြန်/ဆက်)