Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (Book Club )အဖွဲ့များဖြင့် စာဖတ်ဝိုင်း ပြုလုပ်
Apr 06,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club )နှင့် ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူပေါင်း၍ စာရေးဆရာ စောမုံညင်း (စည်သူဒေါ်ရင်ရင်) ရေးသားသည့် " မြတ်နိုးစရာ မြန်မာ့ရိုးရာများ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁ဝ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာစီးပွားရေးတက္ကသိုလ်၌ နိုင်ငံသားဆိုင်ရာလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ပေး
Apr 06,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ်ဦးစီးမှူးရုံးနှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့ ပူးပေါင်းပြီး “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အရ နိုင်ငံသားဆိုင်ရာလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ မုံရွာမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းဌေး ဦးဆောင်သော ဝန်ထမ်းများသည် ယမန်နေ့နေ့လယ်ပိုင်းက မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ မုံရွာစီးပွားရေးတက္ကသိုလ်တွင် ပန်းခင်းစီမံချက်အရ နိုင်ငံ သားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်ပေးကာ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်တွင် နွေရာသီအားကစားသင်တန်းများ ဆင်းပွဲအခမ်းအနား ကျင်းပ
Apr 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားခန်းမတွင် ဧပြီလ(၄)ရက်နေ့ နံနက် ၇နာရီအချိန်၌ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင် တန်းများဖြစ်သည့် (ဟော်ကီ၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ရိုးရာခြင်း၊ ဝူရှူး၊ အခြေခံဘောလုံးသင်တန်း) အားကစားသင်တန်းဆင်းပွဲ အခမ်း အနားပြုလုပ်ခဲ့ရာ သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၂) ဦးညွှန့်ဝေ၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်ပြည့်ဖြိုး၀င်း၊ မြို့နယ်အားကစားနှင့် ကာယပညာဆပ်ကော်မတီ၀င်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်၌ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလှုပ်ရှားဆောင်ရွက်
Apr 06,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် (၈) နာရီမှစ၍ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများက သင်ကြားပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့နယ်၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ ပြုလုပ်
Apr 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ကျုံပျော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာ၌ မတ်ပဲစံကွက်ရိတ်သိမ်း
Apr 06,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ကွင်းအမှတ် (၄၆၂)ကွင်းရှိ တောင်သူ ဦးဇော်ဌေး၏ ဧက(၅) မတ်ပဲစံကွက်ရိတ်သိမ်းခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်လှစ်
Apr 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပညာရေးမှူးရုံး မြတ်ပညာခန်းမ၌ ကျေးလက်ဒေသနေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများအခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်၊ သုတဘဏ်စာကြည့်တိုက်၌ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးပွဲ ကျင်းပ
Apr 06,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုတဘဏ်စာကြည့်တိုက်၌ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းကကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့် စာကြည့်တိုက် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9250
Page
9251
Page
9252
Page
9253
Current page
9254
Page
9255
Page
9256
Page
9257
Page
9258
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department