နတ်မောက် ဧပြီ ၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ကွင်းအမှတ် (၄၆၂)ကွင်းရှိ တောင်သူ ဦးဇော်ဌေး၏ ဧက(၅) မတ်ပဲစံကွက်ရိတ်သိမ်းခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဒေသခံမတ်ပဲစိုက်တောင်သူများ ပူးပေါင်း၍ မတ်ပဲ(၅)ဧကစံကွက်အား ရိတ်သိမ်းခဲ့ရာ တစ်ဧက(၁၇)တင်းထွက်ရှိကြောင်း သိရသည်။
ဆောင်းသီးနှံမတ်ပဲများကို တောင်သူများအနေဖြင့် နှစ်စဉ်မိုးစပါးရိတ်သိမ်းပြီး မြေအစိုဓာတ်ကျန်ရှိနေချိန် မိမိတို့၏လယ်ယာမြေများတွင် သီးသန့်စိုက်ပျိုးကြကြောင်း၊ မှန်ကန်သည့် စိုက်ပျိုးနည်းစနစ်များ၊ မျိုးကောင်းမျိုးသန့်များနှင့် သတ်မှတ်ထားသည့် ကာလအတွင်း အပြီးစိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းကောင်းမွန်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံတောင်သူများဖြင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိထံက သိရသည်။ မူမူစန်း
ဒေါ်မူမူစန်း