ပြည်နယ်နှင့် တိုင်းဒေသကြီး ဘောလီဘောအားကစားပြိုင်ပွဲတွင် အောင်ပွဲရရှိခဲ့သော မန္တလေးတိုင်းဒေသကြီး အမျိုးသမီးဘောလီဘောအသင်းအား ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပ

ချမ်းအေးသာစံ ဧပြီ ၉

၂ဝ၂၃ -၂ဝ၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘောလီဘော အားကစားပြိုင်ပွဲတွင် အောင်ပွဲရရှိခဲ့သော မန္တလေးတိုင်းဒေသကြီး အမျိုး သမီးဘောလီဘောအားကစားအသင်းအား မန္တလေးတိုင်းဒေသကြီး ဘောလီဘောဆပ်ကော်မတီမှ ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်း အနားကို ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ ၂၉×၃၀ လမ်းကြား၊ ၇၀×၇၁ လမ်းကြား၊ ဗထူးအားကစားကွင်း အတွင်းရှိ မန္တလးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ယမန်နေ့ညနေ ()နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးနိုင်လင်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဘောလီဘောဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးထွန်းလင်း၊ အတွင်းရေးမှူး ဦးမြင့်ဆွေနှင့် အမှုဆောင်များ၊ တာဝန်ရှိသူများ၊ အောင်ပွဲရ အမျိုးသမီးဘောလီဘောအသင်းမှ အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် တတိယဆုရအမျိုးသားအသင်းမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ဦးနိုင်လင်းအောင်မှ အဖွင့်အမှာစကားပြောကြားပြီး ဦးမြင့်ဆွေမှ ဂုဏ်ပြုအမှာစကားပြောကြား၍ ဦးနိုင်လင်းအောင်၊ ဦးထွန်းလင်းနှငိ့ ဦးမြင့်ဆွေတို့မှ မန္တလေးတိုင်းဒေသကြီးဘောလီဘောဆပ်ကော်မတီမှ အောင်ပွဲရ အမျိုးသမီးအသင်းအား ဂုဏ်ပြုဆုငွေ ကျပ် (၁၅) သိန်း၊ တတိယဆုရအမျိုးသား အသင်းအား ဂုဏ်ပြုဆုငွေ (၇၅၀၀၀၀) ကျပ်တို့အား ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်