ရေနံချောင်းမြို့၌ ရှင်သာမဏေများအား အရုဏ်ဆွမ်းလောင်းလှူခြင်း၊ နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ပို့ချ

ရေနံချောင်း ဧပြီ ၉

မကွေးတိုင်းဒေသကြီးတောင်းတွင်းကြီးမြို့ ဗိဿနိုးပျူမြို့တော်ဟောင်း ရွှေရောင်တော်ဘုရားအတွင်း ကျင်းပသည့် ရှင်းအပါး ၅၀၀၀ ရှင်ပြုအလှူပွဲမှ သာသနာ့ဘောင်အတွင်း သွတ်သွင်းပေးခဲ့ပြီး ရေနံချောင်းမြို့နယ်သို့ ပြန်လည်ရောက်ရှိလာသည့် ရှင်သာမဏေ ၂၅၀ ပါးအား အရုဏ်ဆွမ်းလောင်းလှူခြင်း၊ နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ပို့ချခြင်းများကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက နံနက်ပိုင်းတွင် အာရုံဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကာ နေ့ဆွမ်းများ ဆက်ကပ်ခဲ့ကြသည်။

ထို့ပြင် ရှင်သာမဏေများကို ဗုဒ္ဓအဆုံးအမတရားတော်များနှင့်အညီ ပြုမူနေထိုင်ပြောဆိုတတ်စေရန် ရည်ရွယ်၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရေနံချောင်းမြို့ အ..က()ကျောင်း နဝဒေးခန်းမ၌ ဧပြီ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)