ကန်ကြီးထောင့် ဧပြီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်အောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှုးရဲနိုင်လွင်၊ အတွင်းရေးမှူးရဲမှူးစိုးကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိ/မြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများကလာမည့် ၂၀၂၄ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့မှ ဧပြီလ (၁၇) ရက်နေ့အထိ ကျရောက်မည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အား မြို့နယ်အဆင့် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး၊ အဆိုပါရက်များတွင် ပြည်သူများ အေးချမ်းသာယာစွာ ရေကစားနိုင်စေရေး၊ ဖျော်ဖြေရေးကဏ္ဍများ၊ သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခြင်း၊ နေ့ရက်အလိုက်စတုဒီသာကျွေးမည့်အစီအစဥ်များနှင့် လုံခြုံရေးကိစ္စရပ်များ အစရှိသဖြင့် ညိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)