ကန့်ဘလူ ဧပြီ ၁၀
ရပ်ရွာအတွင်းရှိ စာမတတ်သူ ကျောင်းမနေဖူးသူများ ပညာရေးနှင့်ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေးမြှင့်တင်နိုင်ရန် ရပ်ကွက်၊ ကျေးရွာများတွင် အခြေခံစာသင်ဝိုင်းများကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် ကျေးရွာအုပ်စု ၁၂ အုပ်စု၌ စာသင်ဝိုင်း ၄၃ ဝိုင်း၊ နည်းပြဆရာ ဆရာမ ၄၃ ဦး၊ ကြီးကြပ်ဆရာ ဆရာမ ၄ ဦးတို့က ဧပြီ ၈ ရက်မှ မေ ၁၅ ရက်ထိ နေ့စဥ်နံနက် ၉ နာရီမှ ၁၂ နာရီထိ သုံးနာရီကြာသင်ကြားပိုချပေးမည်ဖြစ်သည်။ စာသင်ဝိုင်းများ၏လိုအပ်သော အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို မြို့နယ်စာတတ်မြောက်ရေးကော်မတီအဖွဲ့နှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)