စဉ့်ကိုင် ဧပြီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်သံဃာ့ နာယကအဖွဲ့တို့က ကြီးမှူးကျင်းပ သော အစိုးရပါဠိပထမပြန်စာမေးပွဲကို စဉ့်ကိုင်မြို့နယ်၊ တရုတ်စု ရပ်ကွက်ရှိ တိုက်ကျောင်း ပရိယတ္တိစာသင်တိုက်ရှိ ရွှေကံကူဓမ္မာရုံနှင့်သဇင်ညွန့်ဓမ္မာရုံတို့၌ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ဧပြီလ ၃ ရက်နေ့မှ စတင်ဖြေဆိုခဲ့ရာ ဧပြီလ ၉ ရက်နေ့ (သတ္တမ) နေ့တွင် ပထမကြီးတန်းများ အောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့ကြောင်းသိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို ၆-၄-၂၀၂၄ရက်နေ့တွင် မူလတန်းများ၊ ၇-၄-၂၀၂၄ရက်နေ့တွင် ပထမငယ်တန်းများ၊ ၈-၄-၂၀၂၄ရက်နေ့တွင် ပထမလတ်တန်းကြီးများ အသီးသီး ဖြေဆိုပြီးစီးခဲ့ပြီး ၉-၄-၂၀၂၄ရက်နေ့ (သတ္တမ)နေ့တွင် ပထမကြီးတန်းမှ ရဟန်းသံဃာ(၅၁)ပါး၊ သီလရှင် (၁၃)ပါး စုစုပေါင်း(၆၄)ပါး ရှိရာ (၆၄)ပါးစလုံး ဖြေဆိုခဲ့ကြရာ ပါဠိပထမပြန် စာမေးပွဲကြီးတန်းအားလုံး စိတ်အေးချမ်းသာစွာ အောင်မြင်ဖြေဆိုပြီးစီးခဲ့ကြောင်းသိရသည်။
စာဖြေရဟန်း/သံဃာတော်၊ သီလရှင်များ စာမေးပွဲဖြေဆိုရာတွင် စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ တပည့်ဒါယကာ၊ဒါယိကာမများမှ ဆွမ်း၊ ခဲဖွယ်၊ ဆေး၊ အအေးများနှင့် နဝကမ္မ ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
ကျော်စွာ (စဉ့်ကိုင်) (၃၉၉)