Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုးကောင်းမြို့ (Community Centre) ခန်းမ၌ ထွန်းသစ်စမူကြိုကျောင်းဆင်းပွဲ ကျင်းပ
Apr 10,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန (Community Centre) ခန်းမ၌ ထွန်းသစ်စမူကြိုကျောင်းဆင်းပွဲကို ယမန်နေ့နံနက် (၉)နာရီတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း စက်မှုလုပ်ငန်းလည်ပတ်နေမှုနှင့် ရွက်ဖျန်းမြေဩဇာထောက်ပံ့ခြင်း၊ စုပေါင်းသမန်းနိုးခြင်းသရုပ်ပြပွဲတို့အား ကွင်းဆင်းကြည့်ရှု တ…
Apr 10,2024
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်၊ “ငွေပဒေသာ” စပါးကြိတ်ခွဲစက်နှင့် ဆန်ချောစက်လုပ်ငန်း၊ ဆရာစံရပ်ကွက်၊ “ဝင်းမိသားစု” ဝါးဂွမ်းအစေ့ထုတ်လုပ်ငန်းဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ရာ စပါးကြိတ်ခွဲစက်နှင့် ဆန်ချောစက်လုပ်ငန်းနှင့် ဝါဂွမ်းအစေ့ထုတ်လုပ်ငန်းရှင်များက လုပ်ငန်းလည်ပတ်ဆောင်ရွက်နေရသည့် လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခဲ့ကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တင်ပြချက်များအပေါ် လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့ ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး စာစစ်ဌာနတွင် ပါဠိပထမပြန်စာမေးပွဲဖြေဆိုတော်မူသော ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော်များအား ဖူးမျှော်ကြည်ညှိပြီး၊ ဆွမ်း၊ ဘောဇဉ်များ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌနှင့် စာမေးပွဲကြီးကြပ် ဆရာတော်များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် ယဉ်ကျေးလိမ္မာ၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းဆင်းပွဲကျင်းပ
Apr 10,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် ယဉ်ကျေးလိမ္မာ၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ကျည်တောင်ကျေးရွာ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့၌ ကျောင်းသား၊ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ပန်းချီပြိုင်ပွဲ၊စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွ…
Apr 10,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူ လူငယ်များ တွေးခေါ်မှုစွမ်းရည်မြင့်မားရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ ၂ နာရီက ပန်းချီပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကေ့ာကရိတ်မြို့ ပါဠိပထမပြန်စာမေးပွဲတွင် စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
Apr 10,2024
၂၀၂၄ ခုနှစ်၊ သာသနာရေးဦးစီးဌာနမှ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဦးဆောင်ကျင်းပလျက်ရှိရာ ကေ့ာကရိတ်မြို့နယ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ဧပြီ ၃ ရက်နေ့မှစ၍ ဘားအံမြို့ အထက(ခွဲ)-၃ ကျောင်း၌ ဖြေဆိုတော်မူလျက်ရှိပြီး စာဖြေရဟန်း၊သာမဏေ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော်များအား ကေ့ာကရိတ်ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင် ပြည်သူများစုပေါင်း၍ နေ့ဆွမ်းများကို ရက်အစဥ်အလိုက် ဆက်ကပ်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သည့် အခြေခံပန်းချီသင်တန်းတွင်လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်
Apr 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနရှိ (Community Centre)ခန်းမ၌ ဖွင့်လှစ်လျက်ရှိသော အခြေခံပန်းချီသင်တန်း တွင် သင်တန်းသား/သင်တန်းသူများအတွက် ၄၅၃၀၀၀ ကျပ် တန်ဖိုးရှိ 12 water Colour Tube နှင့် စုပ်တံများကို ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုပြီးစီး
Apr 10,2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ဧပြီလ ၃ ရက်နေ့မှ ၉ ရက်နေ့ထိ ကျင်းပခဲ့ပြီး ယမန်နေ့တွင် ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်၊ ရတနာစံကျောင်းတိုက်ရှိ ရတနာဘိမတဗိမာန်တော်၌ နဝမမြောက်နေ့ ရဟန်း၊ သာမဏေနှင့် သီလရှင် စုစုပေါင်း ၁၀၀ ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Apr 10,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က လူငယ်နှင့်ပြည်သူ့နီတိခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောရာတွင် ကျောင်းသားလူငယ်များအနေဖြင့် ငယ်စဥ်ကစ၍ လိုက်နာနေထိုင်ရမည့် ကျင့်ဝတ်များ၊ တာဝန်များနှင့် အသိပညာအတတ်ပညာ ပြည့်စုံစွာဖြင့် ဖွံ့ဖြိုးနိုင်ရေးအတွက်စာများများ ဖတ်ရှုကြရန်တို့ကို အသိပညာပေးဟောပြောခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9179
Page
9180
Page
9181
Page
9182
Current page
9183
Page
9184
Page
9185
Page
9186
Page
9187
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department