မော်လိုက် ဧပြီလ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကျောင်းသား/ကျောင်းသူများနွေရာသီကျောင်း ပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော နွေရာသီအားက စားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ခရိုင်အားကစားခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး ဘောလုံးသင်တန်းတွင်တက်ရောက်ခဲ့သူများအား အားကစားဝတ်စုံနှင့် သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် တာဝန်ရှိ သူများက ဘောလီဘော၊ ပိုက်ကျော်ခြင်းနှင့် Fitness Dance သင်တန်းကို တက်ရောက်ခဲ့သူ များအား အားကစားဝတ်စုံနှင့် သင်တန်းဆင်း ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ ကြပြီး Fitness Dance အကဖြင့် သင်တန်းသား/သင်တန်းသူများက သရုပ်ပြခဲ့ကြသည်။
အဆိုပါ သင်တန်းကို (၁၈.၃.၂၀၂၄) ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး (၁၀.၄.၂၀၂၄) ရက်နေ့အထိ သင်ကြားပို့ချခဲ့ပြီး အားကစားနည်းများအဖြစ် ဘောလုံး၊ပိုက်ကျော်ခြင်း၊ Fitness Danceeနှင့်ဘောလီ ဘောစသည့် အာကစားနည်း(၄)မျိုးရှိရာ သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၇၅)ဦးတက်ရောက်ခဲ့ ကြကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)