နတ်မောက် ဧပြီ ၁၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မဟာသင်္ကြန်ကာလ နတ်မောက်ရေလှောင်တမံမှ ရေလွှတ်ထားသည့်အတွက် နတ်မောက်မြို့ ယင်းချောင်းအတွင်း ရေကစားသူများဖြင့် နေ့စဉ် စည်ကားလျက်ရှိကြောင်း သိရသည်။
နတ်မောက်ရေလှောင်တမံသည် နတ်မောက်မြို့၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး ယခုအချိန်သည် တောင်သူများ နွေစပါးစိုက်ပျိုးသည့် ကာလဖြစ်သည့်အတွက် ရေလှောင်တမံမှရေလွှတ်ထားသောကြောင့် နတ်မောက်မြို့ ယင်းချောင်းတလျှောက် ရေများစီးဆင်းသည့်အတွက် သင်္ကြန်ကာလအတွင်း မြို့ပေါ်ရှိ ကလေး၊ လူငယ်များ ရေချိုးခြင်း၊ ရေကစားခြင်း၊ အပန်းဖြေခြင်းများအနေဖြင့် သွားရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ နတ်မောက်မြို့ ယင်းချောင်းအတွင်းသို့ သွားရောက်သည့် ဆိုင်ကယ်များ၊ သုံးဘီဆိုင်ကယ်များ၊ ကားများဖြင့် မြို့ပေါ်ရှိပြည်သူများသွားရောက်၍ ပျော်ရွှင်စွာရေကစားသည့်အတွက် စည်းကားလျက်ရှိကြောင်း သိရသည်။
လှဝင်း