သာစည် ဧပြီ ၂၃
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကပ်ကျေးအင်းကျေးရွာအုပ်စု ကန်စွယ်ကျေးရွာ၌ ယနေ့နံနက်က မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ သောက်သုံးရေ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရေလှူဒါန်းပေးရာတွင် ဂါလံ ၁၂၀၀ ဆံ့ရေသယ်ယာဉ်ဖြင့် သွားရောက်လှူဒါန်းပေးခြင်းဖြစ်ပြီး သာစည်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန် ၄ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်သူ့အကျိုးပြုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံက သိရပြီး အဆိုပါကျေးရွာတွင် အိမ်ခြေ ၇၀ ကျော်ရှိကြောင်းသိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် နွေရာသီကာလ၌ ရေလိုအပ်၍ ဆက်သွယ်လာပါက ရေလှူဒါန်းပေးနိုင်ရန် ဆောင်ရွက်ထားပြီး ဖုန်း ၀၆၄၂၀၆၉၁၃၁ နှင့် အရေးပေါ်ဖုန်း ၁၉၁ သို့ ဆက်သွယ်နိုင်ကြောင်း ၎င်းထံကသိရသည်။
မြို့နယ်(ပြန်/ဆက်)