ကျိုက်ထိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ကျိုက်ထို ဧပြီ ၂၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်ပေးရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာငွေများ ထုတ်ယူရာ၌ အဆင်ပြေချောမွေ့ပြီး အခက်အခဲမဖြစ်ပေါ်စေရန်အတွက် ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်ရက်များ၌ နံနက် ၇ နာရီမှစတင်၍ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိပြီး သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်း မရှိသော အငြိမ်းစားဝန်ထမ်းများကို မေလ လဆန်းပိုင်းတွင် ရုံးချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဧပြီလ ၂၂ ရက်နေ့၌ ပင်စင်လာရောက်ထုတ်ယူသူ ၃၂၀ ဦးအား ပင်စင်လစာငွေ ကျပ်သိန်း (၄၇၀) ကို ထုတ်ပေးပြီးဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရှိရသည်။

ဝင်းမောင်