ဖြူးမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများသုံးသပ်ဆွေးနွေးပွဲနှင့် မြစိမ်းရောင်စီမံကိန်းစံပြကျေးရွာဆု ပေးအပ်ပွဲကျင်းပ

ဖြူး ဧပြီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများသုံးသပ်ဆွေးနွေးပွဲနှင့် မြစိမ်းရောင်စီမံကိန်းစံပြကျေးရွာဆုပေးအပ်ပွဲကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ တောင်ငူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးသန့်ဇင်မျိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်မျိုးအောင်က စီမံကိန်းလုပ်ငန်းဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ဖြူးမြို့နယ် မြစိမ်းရောင်စီမံကိန်းကျေးရွာမှ ကော်မတီဝင်များက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးတင်ပြဆွေးနွေးကြသည်။ ဆက်လက်၍ ဖြူးမြို့နယ်အတွင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်း(၅၇)ရွာအနက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်းစံပြကျေးရွာအဖြစ် ရွေးချယ်ခံရသော မင်းဂံရိုးကျေးရွာအုပ်စု၊ ဒိုင်းတရာ(မြန်မာ)ကျေးရွာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)