မုံရွာ ဧပြီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အနီးကပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၏ ဦးဆောင်ကာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ရွက်ပုံးသီး အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မျိုးဆက်သစ်လူငယ်လူရွယ်များ မြို့နယ်မှတစ်ဆင့် ခရိုင်အဆင့်၊ ခရိုင်မှတစ်ဆင့် တိုင်းအဆင့် ယှဥ်ပြိုင်ပြီး အလားအလာ ကောင်းသော လူငယ်လက်ရွေးစင် ၊မြန်မာ့မာ့လက်ရွေးစင် ဘော်လီဘော အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် နိုင်ငံတော်မှ ချမှတ်ထားသော ထူးချွန်ထက်မြတ်သော မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရေးကို အလေးထားရည်ရွယ်ပြီး ၂၀၂၄-ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီမှစတင်ပြီး မုံရွာမြို့ ပြည်သူ့အားကစားကွင်း မိုးလုံလေလုံခန်းမ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၄-ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ကို ဧပြီ ၂၄ ရက်နေမှ့ ဧပြီ ၂၉ ရက်နေ့အထိ (၆)ရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း(၃၈)မြို့နယ်ရှိ သည့်အနက် မြို့နယ်(၂၅)မြို့နယ်မှ အမျိုးသားဘော်လီဘော အသင်း(၂၅)သင်းနှင့် အမျိုးသမီး ဘော်လီဘောအသင်း(၁၀)သင်း စုစုပေါင်းအားကစားသမား(၄၀၀)ဦး ပါဝင်ယှဥ်ပြိုင်စေပြီး မြို့နယ်အလိုက်ကိုယ်စားပြု အမျိုးသား၊အမျိုးသမီး ဘော်လီဘော ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်းဆုရအသင်းများနှင့် တံခွန်စိုက်ဆုရအသင်းများကို လာမည့်ဧပြီ ၂၉ ရက်နေ့တွင် ဆုချီးမြှင့်ပွဲအခမ်းအနားဖြင့် တာဝန်ရှိသူများက ထိုက်ထိုက်တန်တန်ဆုများ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)