အောင်လံမြို့၌ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ပြည်သူများထံသို့ တိုက်ရိုက်ရောင်းချပေးလျက်ရှိ

အောင်လံ ဧပြီ ၂၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့ဦးဆောင်၍ ပြည်သူများအစဉ်ပြေစေရန် အခြေခံစားသောက်ကုန်နှင့် သားငါးများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက် (၇) နာရီက တရော်ကုန်းရပ်ကွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့ တွင် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချပေးရာသို့ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ အောင်လံမြို့နယ် ကုန်သည်ကြီးများအသင်းတို့က မြို့နယ်အတွင်းရှိ ပြည်သူများအား အခြေခံစားသောက်ကုန်နှင့် သားငါးများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဆန်တစ်ပြည် (၃၀၀၀/-) ကျပ်နှုန်းဖြင့် (၂၀)အိတ်၊ ဆီ ၁ ပိဿာ (၅၉၅၀/-) ကျပ်နှုန်း ဖြင့် (၁၂၀) ပိဿာ၊ ကြက်ဥတစ်လုံး (၂၄၀/-) ကျပ်နှုန်းဖြင့် (၄၅၀) လုံး၊ ကြက်သား ၁ ပိဿာ (၁၂၀၀၀) ကျပ်နှုန်းဖြင့် (၂၀) ပိဿာ၊ ဝက် သား ၁ ပိဿာ (၁၂၀၀၀/-) ကျပ်နှုန်းဖြင့် (၈) ပိဿာ၊ ဆိတ်သား ၁ ပိဿာ (၁၆၀၀၀/-) ကျပ်နှုန်းဖြင့် (၄) ပိဿာစသည့် အခြေခံစားကုန်နှင့် သားငါးများကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ကြာသပတေးနေ့တိုင်း စဉ်ဆက်မပျက် ရောင်းချပေးခဲ့ရာ ယနေ့စုစုပေါင်း ရောင်းချတန်ဖိုးငွေကျပ် (၂၆၆၂၀၀၀/-) (ကျပ်နှစ်ဆယ့် ခြောက်သိန်းခြောက်သောင်းနှစ်ထောင် တိတိ) ဖြစ်ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)