ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်လှစ်

ကန့်ဘလူ ဧပြီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်ပွဲကို ဧပြီ ၂၄ ရက်နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က မိမိတို့ဌာနအနေဖြင့် ကလေးငယ်တွေ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်အောင်၊ ပျော်ရွှင်မှုတွေရှိအောင်၊ စည်းလုံးညီညွတ်မှုရှိအောင်၊ ပြိုင်ပွဲတွေ၊ သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသလို ဒီနေ့သင်တန်းမှာလည်း သင်ကြားပေးသည်များကို ဂရုတစိုက် မှတ်သားကြရန်လိုကြောင်း၊ ပြိုင်ပွဲပြုလုပ်၍ ဆုချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြဆရာ ဦးပြည့်ဖြိုးဆွေက သင်ကြားပေးမည့် ဘာသာရပ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ ၃၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီ ၂၄ ရက်မှ မေ ၅ ရက်ထိ ၁၀ ရင်တာ စာတွေ့လက်တွေ့သင်ကြားပေးပြီး စာမေးပွဲဆန်းစစ်လွှာ ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)