ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် (MSME) လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် မိုမိုကြိမ်ဗေဒါလုပ်ငန်းမှ ဦးစံဝင်းအား တွေ့ဆုံမေးမြန်း

ဒဂုံအရှေ့ ဧပြီ ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက် (၉) အကောင်အထည်ဖော် စီးပွားရေးဦးတည်ချက်တွင် ပါဝင်သော တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ (MSME) ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဆိုသည့် ချမှတ်ပြီး တွန်းအားပေး မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ စီးပွားရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာတွင် ပြည်တွင်းထုတ်လုပ်မှု မြင့်မားရေးအတွက် ဒေသအလိုက်ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံကာ အရည်အသွေးကောင်းမွန်သည့် ကုန်ချောများ ထုတ်လုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား‌ရေးလုပ်ငန်းတစ်ခုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ မိုမိုကြိမ်ဗေဒါလုပ်ငန်းမှ ဦးစံဝင်းနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ရပါသည်။

မေး။ မိုမိုကြိမ်ဗေဒါလုပ်ငန်းကို စတင်တည်ထောင်ဖြစ်ခဲ့ပုံကို သိပါရစေ။

ဖြေ။ ဟုတ်ကဲ့၊ ကျွန်တော်တို့လုပ်ငန်းကို ၂၀၀၀ခုနှစ်က စတင်လုပ်ဖြစ်ခဲ့ပြီး (၂၄) နှစ်သက်တမ်းရှိပြီဖြစ်ပါတယ်။

မေး။ လုပ်ငန်းအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို ဘယ်ဒေသတွေက ရပါသလဲ။

ဖြေ။ ကျွန်တော်တို့ ပထမကတော့ကိုယ်တိုင်ထုတ်လုပ်ပါတယ်။ ခုတော့ တရုတ်ကုမ္ပဏီ ရွှေပင်လယ်မှ မှာယူပါတယ်။

မေး။ အမျိုးအစား ဘယ်နှစ်မျိုး ထုတ်လုပ်ပါသလဲ။

ဖြေ။ ကျွန်တော်တို့လုပ်တဲ့ အမျိုးအစားတွေကတော့ ၂၀၀ကျော် ၃၀၀ ဝန်းကျင်ခန့် ထုတ်လုပ်ပါတယ်။

အဓိကကတော့ ခန်းဆီးလိုက်ကာ၊ အိမ်သုံးဆက်တီခုံ၊ အမှိုက်ခြင်း၊ အိမ်အသုံးအဆောင်၊ ဟိုတယ်သုံး၊ စားသောက်ဆိုင်သုံး ပစ္စည်းများထုတ်လုပ်ပါတယ်။

မေး။ ဒီထုတ်ကုန်တွေကို ဘယ်ဒေသတွေကို ပို့ဆောင်ဖြန့်ဖြူးနေပါသလဲ။

ဖြေ။ ထုတ်ကုန်တွေကို ဟိုတယ်၊ငပလီ၊ ငွေဆောင်တို့မှ မှာယူပါတယ်၊ online မှတဆင့် ဖောက်သည်ပြန်ယူပြီး ရောင်းချကြပါတယ်။

မေး။ ထုတ်ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကိုလည်း သိပါရစေရှင့်။

ဖြေ။ ကြိမ်အချောင်းအရေအတွက်နဲ့လာတယ်၊ ၁ ချောင်းမှာ ၂၈ ချောင်းဆိုတော့ ၅၅၀၀၊ ၄၀၀၀၊ အနိမ့်ဆုံး ၃၀၀၀ထိ ဝယ်ယူရပါတယ်။ ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး ဖြန့်ဖြူးတဲ့အခါ ဝယ်သူများအဆင်ပြေနိုင်မည့် စျေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချပေးပါတယ်။

မေး။ အလုပ်သမားဦးရေ ဘယ်လောက်ရှိပါသလဲ။ ဘယ်ဒေသကနေ လာရောက်လုပ်ကိုင်ပါသလဲရှင်။

ဖြေ။ အလုပ်သမားများကို နေ့စား (ငြိမ်း) ခေါ်ယူပြီး (၁၃၃) ရပ်ကွက်၊ အနီးအနားဝန်းကျင်မှ လာရောက်လုပ်ကိုင်တာများပါတယ်။ အလုပ်သမားဦးရေကတော့ (၁၀) ဦးရှိပါတယ်။ နေ့တွက်စရိတ် အနိမ့်ဆုံး ၅၀၀၀ မှ ၂၀၀၀၀ ကျော်ထိရှိပါတယ်။ လေးလတစ်ကြိမ်တိုးပေးပါတယ်။

မေး။ ပြည်သူတွေကို ဘာများပြောချင်တာရှိပါသလဲရှင်။

ဖြေ။ ထုတ်ကုန်များကို တိုးချဲ့ဖို့ရှိပါတယ်။ ကုန်စျေးနှုန်းများတအားတက်လို့ ခုလောလောဆယ် လုပ်ငန်းတိုးချဲ့ဖို့မရှိသေးပါ။ ထုတ်ကုန်တွေကို ထုတ်လုပ်ပြီး စံချိန်စံညွှန်းကိုက်ညီအောင် ဆောင်ရွက်သွားပါမယ်။ မိဘပြည်သူများကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောချင်ပါတယ်။

မေး။ ယခုလို မေးသမျှကို စိတ်ရှည်လက်ရှည်နဲ့ ပြောကြားပေးတဲ့ မိုမိုကြိမ်ဗေဒါလုပ်ငန်းမှ ဦးစံဝင်းကို ကျေးဇူးတင်ပါတယ်ရှင်။

ဖြေ။ ကျွန်တော်တို့ လုပ်ငန်းအနေနဲ့ရော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနကိုလည်း အထူးကျေးဇူးတင်ပါတယ်။

အေးမဉ္ဇူ